၉ / ၉ / ၂၀၁၃ နေ့သင်တန်းသစ်များဖွင့်မည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ...ဖုန်း-၀၉ ၄၂၁ ၇၁၅ ၄၉၄ ၊ တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုတို့အတွက် ၁၀၀% အာမခံပါသည်။
1 2 3 4 5 6 7 8
MCC Sittwe Computer Training Centre မှ အပတ်စဉ်သင်တန်းသစ်များ ဖွင့်လှစ်ကြားပေးနေပါပြီ။ ဖုန်း - ၀၉ ၄၁၀၀၀ ၃၅၁ ၊ ၀၉ ၂၆၁ ၈၅၂ ၄၂၈ သို. ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Tuesday, April 9, 2013

Computer virus ဆိုတားးးးးး

Virus ဆိုတဲ့ စကားစုကို နယ်ပယ်အသီးသီးမှာ အဓိပါယ် အမျိုးမျိုး သက်မှတ်ကြပါတယ် ---
ကျတော်ဖေါ်ပြမယ့် အကြောင်းအရာလေးကတော့ computer virus ပါ
computer virus ဆိုတာကတော့ လူတစ်ဦးတစ်ယောက်က တီထွင်ရေးသားလိုက်တဲ့( programmer) program ကိုဆိုလိုတာဖြစ်တယ် ---------
computer virus တွေဟာ ဘယ်လောက်ထိ စွမ်းရည်ရှိသလဲဆိုရင်

computer တစ်လုံးမှတစ်လုံးသို့ ကူးစပ်စေပြီး computer ရဲ့ ဟန်ချက်ကျတဲ့ လုပ်ဆောင်မှုတွေကို ဖျက်စီးစေနိုင်ပါတယ်
နောက်ပြီး physically အရ computer ရဲ့ hardware အပိုင်းကိုပါသုံးစွဲလို့မရအောင် ပြုလုပ်နိုင်းစွမ်းရှိတယ်
အမှန်တကယ်တော့ computer virus ကြောင့် computer ရဲ့ hardware အပိုင်းကို ပျက်စီးစေတာမဟုက်ဘဲ
computer virus တွေရဲ့ လုပ်ဆောင်မှုကြောင့် Operation System မှာ processing တွေများလာပြီး physically အရ computer ရဲ့ hardware ကို Over loading ဖြစ်ပေါ်စေပြီး computer ရဲ့ hardware ကိုပါ ဖျက်ဆီးနိုင်ပါတယ် ---

virus တွေ ဘယ်လိုလုပ်ဆောင်သလဲ computer မှာ ---------
Operation System တစ်ခုလည်ပတ်ဖို့ Hardware အနေနဲ့ အဓိက အရေးအကြီးဆုံး အပိုင်းကတော့
CPU, Memory (RAM) and HDD( hard disk drive) ပဲဖြစ်ပါတယ် --
CPU က processing လုပ်မလို့ အချက်အလက်တွေကို HDD ဆီက တောင်းတဲ့အခါ HD က အရင်ဦးဆုံး memory ပေါ်ကိုတင်ပေးပါတယ် memory မှာရှိတဲ့ data တွေ instruction တွေကို CPU က ယူဆောင်ပြီး processing ကိုပြီးမြောက်အောင်ဖြေရှင်းပေးပါတယ်
မိမိ computer ထဲမှာ virus သာရှိနေပြီဆိုရင် virus က HD ထဲမှာအရင်ဆုံးနေရာယူတယ် မိမိ computer ကို run တဲ့ အချိန်ကြရင် HD က data တွေ instruction တွေကို memory ထဲရောက်တဲ့ အချိန်မှာ virus က memory ထဲမှာနေရာယူပြီး တိုက်ခိုက်တယ် အဲ့ဒီအချိန်မှာ CPU က data တွေ instruction တွေကို memory ထဲကတောင်းတဲ့အခါ virus ရဲ့ တိုက်ခိုက်မှုကြောင့် လွဲမှားတဲ့ processing ကိုဖြစ်ပေါ်စေပါတယ် ----
computer virus အမျိုးစားပေါင်း အများကြီးရှိပါတယ် ယေဘုယျအားဖြင့်တော့ computer virus ကို
၆ မျိုးခွဲခြားသက်မှတ်ထားပါတယ် ------
၁) Boot Sector virus
ဒီ virus အမျိုးစားကတော့ OS မတက်ခင်မှာ run တဲ့ virus ပါ
ဘယ်လိုလုပ်ဆောင်သလဲဆိုတော့ ကျတော်တို့ တွေ ရဲ့ Hard Disk မှာ Operation System boot တက်ဖို့ boot file တွေကို MBR(Master Boot Record) ဆိုတဲ့ အပိုင်းမှာသိမ်းထားလေ့ရှိပါတယ် -ဒီ virus ဟာ MBR အပိုင်းထဲကိုဝင်ပြီး boot file တွေကိုဖျက်တဲ့ အခါ မိမိ computer ဟာ OS မတက်ဘဲ ဖြစ်လေ့ရှိပါတယ် ။
၂) Executable virus
ဒီ virus အမျိုးစားကတော့ .com,.exe,.dll,.log,.docx,.html,.txt စတဲ့ extension ကို တိုက်ခိုက်တဲ့ virus အမျိုးအစားပါ
၃) Worm
ဒီ virus အမျိုးစားကတော့ data တွေကို copy ပွါးတဲ့ virus ပါ ဒီ virus မိမိ စက်ထဲမှာကူးစပ်ခံရပြီဆိုရင် ရှိသမျှ
Folder တွေ file တွေဟာ သူဘာသူ copy ပွါးပြီး computer ကိုလေးလံနှေးကွေးအောင်းလုပ်ဆောင်နိုင်စွမ်း ရှိပါတယ်
၎) Trojan
ဒီ virus အမျိုးစားကတော့ မိမိ computer ထဲမှာ program အတုအယောင်အဖြစ်ရောက်ရှိလာပြီး မိမိ click မနှိပ်မိရင် မ run နိုင်ပါဘူး
၅) Spyware
ဒီ virus အမျိုးစားကတော့ မိမိ computer ကို spy အဖြစ်ရောက်ရှိလာပြီး မိမိ computer ထဲက data
တွေ မိမိလုပ်ဆောင်ချက်တွေကို spy လွှတ်တဲ့သူဆီကို ပို့ပေးမှာဖြစ်တယ်
Spyware ကို များသာအားဖြင့် business တွေမှာသုံးလေ့ရှိပါတယ် သာမန် User အနေနဲ့ အသုံးပြုချင်ရင်တော့ Internet မှာ Golden Eye Spyware free download ဆိုပြီးရှာနိုင်ပါတယ်

၆) Network Virus
ဒီ virus အမျိုးစားကတော့ network ချိပ်ရာတွင် connection မရအောင်ပြုလုပ်တဲ့ virus ဖြစ်ပါတယ် ။

Antivirus software ဆိုတာ -----

Virus ရန်ကို ကာကွယ်ဖို့နဲ့ virus ကိုသက်ဖို့ ရေးထားတဲ့ software ပါ
Antivirus software တွေအများကြီးရှိပါတယ် Kaspersky, Bit defender, MSE, Avira, Penda အစသဖြင့် ပါပဲ အဲ့ဒီအထဲမှာ မှာ free နဲ့ license ဆိုပြီး နှစ်မျိုးရှိပါတယ်
Free antivirus ကို မိမိစက်မှာ အသုံးပြုမယ်ဆိုရင် ပြုလုပ်ရမယ် အချက် ၂ ချက်ရှိပါတယ်
၁) အရင် ဦးဆုံး software ကို install လုပ်ရပါမယ် install လုပ်ပြီး ချက်ချင်းအသုံးပြုလို့မရသေးပါဘူး
၂) update file ကို run ပြီးမှ သက်ရောက်မှု ရှိရှိ အသုံးပြုလိုရမှာဖြစ်ပါတယ်
Free antivirus တွေ အများကြီးမှ အကောင်းဆုံးကို ပြောပါဆိုရင် MSE ( Microsoft Security Essential) ကိုပြောရမှာဖြစ်ပါတယ် MSE ကို ကျတော်တို့ဆီမှာ တော်တော်များများ အသုံးပြုနေကြပါပြီ Windows 8 မှာတော့ MSE ကို သုံးလို့မရပါဘူး windows 8 မှာ Windows defender က build in ပါပြီးသားဖြစ်တဲ့အတွက်ပါ
License Antivirus ကိုသုံးမယ်ဆိုရင်တော့ free antivirus ထက် အဆင့်တစ်ဆင့်ပိုသွားတာကတော့ software install လုပ်တဲ့ အခါ key ထည့်ပေးတဲ့အဆင့်လေးပါ ကျန်တာအကုန်တူတူပါပဲ

Virus ရန်က ဘယ်လိုကာကွယ်မလဲ
Antivirus software ဘယ်လောက်ကောင်းကောင်း update မလုပ်ဘူးဆိုရင် effect မဖြစ်ဘူးလို့ ဆိုနိုင်တယ်
ဘာဖြစ်လို့လဲဆိုတော့ တနေ့ အသစ်သစ်သော virus ပေါင်း တော်တော်များ ထွက်တဲ့အတွက်ကြောင့်ပါ
Antivirus ရဲ့ သဘောတရားက သူရဲ့ update file ကသိတဲ့ virus ကိုပဲ ကာကွယ်ပြီး သက်ပေးနိုင်မှာပါ
ဒါကြောင့် Antivirus update ကို နှစ်ရက်တစ်ခါလောက် ပုံမှန်လုပ်ပေးသင့်ပါတယ် --
Antivirus software အများစုဟာ virus တော်များများကို သက်ပေးနိုင်ပေမယ့် အချို့ virus တွေကိုမသက်ပေးနိုင်ပါဘူး ဥပမာ malware, spyware ဒီလို virus မျိုးသာ ၀င်လာမယ်ဆိုရင်တော့ malware remover တို့ အစရှိတဲ့ virus တစ်မျိုှး ဆီကို သက်ပေးနိုင်တဲ့ software ကိုရှာပြီး အသုံးပြုပေးရမှာဖြစ်တယ် --- ။ ။

 

Ref : IT Group

0 comments:

Post a Comment

MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........