အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ပြဌာန်းထားသည့် ယူနီကုတ်စံများနှင့် ကိုက်ညီသော Myanmar 3 (mm3) font မြန်မာစာကို အသုံးပြုထားသည့် Google Home Page
အသစ်တစ်ခုကို ယနေ့မှ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Google မှ သတင်းထုတ်ပြန်လိုက်သည်။ ထို့ကြောင့် Google စာမျက်နှာတွင် မြန်မာဘာသာကို အသုံးပြုကာ ရှာဖွေမှု များပြုလုပ်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ကိုယ်စား ပြု ကိုယ်ပိုင် Home Page တစ်ခုကို စတင်သုံးစွဲနိုင်ပြီ ဖြစ်သည်။ အမေရိကန် ထိပ်တန်းကုမ္ပဏီ တခုဖြစ်သော Google Company ၏ယခုကဲ့သော မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ပေးမှုများသည် ယင်းလုပ် ငန်းစု၏ အကြီးအကဲဖြစ်သူ မစ္စတာ အဲရစ်ရှမစ် ပြည်တွင်းသို့ လာရောက်ပြီး ရက်သတ္တပတ်နှစ်ပတ်ကျော် အကြာတွင် ဖြစ်သည်။ နိုင်ငံအတွင်း မြန်မာဘာသာစကား အသုံးပြုသူ သန်းလေးဆယ်ကျော် ရှိသော်လည်း အင်တာနက်အသုံးပြုသူ တစ်သန်းမျှသာရှိသေးသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ Google Search ပေါ် တွင် ထောက်ပံမှုများပေးခြင်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသားများနှင့် မြန်မာ ဘာသာပြောကြားသူများအနေဖြင့် အင်တာနက်စာမျက်နှာပေါ်တွင် အသုံးဝင်သည့်အချက်အလက်များ ရှာဖွယ်ခြင်း၊ တကမ္ဘာလုံးအတိုင်းအတာသို့ ဝေမျှဖြန့်ဝေလိုသည့် အချက်အလက်များကို ဖန်တီးမှု ပြုလုပ် နိုင်ခြင်းများကို ပြုလုပ်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အတွက် ဖြစ်ကြောင်း Google Company ၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။ ယခုကဲ့သို့ Myanmar 3 Font ကိုအသုံးပြုပြီး မြန် မာဘာသာဖြင့် အသုံးပြုနိုင်မည့် Google Home Page ကိုအသုံးပြုနိုင်မည့်အပြင် Google Company က တခြားသော မြန်မာတိုင်းရင်းသားဘာသာစကားများဖြစ်သည့် မွန်၊ ကရင်၊ ကယား၊ ပလောင်၊ ရှမ်း ဘာသာ စကားများကိုပါ ထောက်ပံ့ပေးထားကြောင်း သိရသည်။ ထို့အပြင် Google က ယူနီကုဒ် ကီးဘုတ်မရှိသူ များ အနေဖြင့် Virtual Keyboard ကို အစားထိုး အသုံးပြုနိုင်ရန်အတွက် Search Box တွင် ထည့်သွင်းပေးထား သည်။ ယခုကဲ့သို့ Google Home Page ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် အဆိုပါ အမေရိကန် Company ကို ကူညီပေးခဲ့သည့် Asia Foundation, Digital Democracy, Information Matrix နှင့် အခြားသော ကူညီပေးသူအချို့ကို ကျေးဇူးတင်ကြောင်းလည်း အထက်ပါကြေငြာချက်တွင် ဖော်ပြထား သည်။ Google အနေဖြင့် www.google.com.mm ဟူသည့် မြန်မာဒိုမိန်းနှင့် Website ကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ၄င်းတို့၏ Google Play ၀န်ဆောင် မှုကိုလည်း ပြည်တွင်းတွင် အသုံးပြုနိုင်ပြီဖြစ်သည်။













0 comments:
Post a Comment
MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........