၉ / ၉ / ၂၀၁၃ နေ့သင်တန်းသစ်များဖွင့်မည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ...ဖုန်း-၀၉ ၄၂၁ ၇၁၅ ၄၉၄ ၊ တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုတို့အတွက် ၁၀၀% အာမခံပါသည်။
1 2 3 4 5 6 7 8
MCC Sittwe Computer Training Centre မှ အပတ်စဉ်သင်တန်းသစ်များ ဖွင့်လှစ်ကြားပေးနေပါပြီ။ ဖုန်း - ၀၉ ၄၁၀၀၀ ၃၅၁ ၊ ၀၉ ၂၆၁ ၈၅၂ ၄၂၈ သို. ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Sunday, May 5, 2013

မိုဘိုင်းဖုန်းလိုင်းများ နှင့် အင်တာနက်အမြန်နှုန်းများ

မိုဘိုင်းဖုန်းလိုင်းများ နှင့် အင်တာနက်အမြန်နှုန်းများ
Sunday, May 5, 2013

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေကြသော မိုဘိုင်းဖုန်းလိုင်းများမှာ လူအများသိရှိကြသည့်အတိုင်း
GSM, WCDMA, CDMA (800 MHz) နှင့် CDMA (450 MHz) ဆိုသည့် ဖုန်းလိုင်းများ ဖြစ်ကြပါသည်။

GSM, WCDMA, CDMA (800 MHz) တွေကတော့
ဖုန်းလိုင်းအပြင် အင်တာနက်ပါ အသုံးပြုနိုင်သည့် ဖုန်းလိုင်းများပဲ ဖြစ်ပါသည်။

မိတ်ဆွေတို့ အနေဖြင့် အင်တာနက် အသုံးပြုလျှင် မည်သည့်ဖုန်းလိုင်းသည် အကောင်းဆုံးဖြစ်သည်ဟု ထင်ပါသနည်း??? စိတ်ကျေနပ်မှု အများဆုံး ပေးနိုင်ပါသနည်း???

ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် အစရှိသည့် 3G လိုင်းမိသည့် မြို့နေ Mobile User များကတော့ WCDMA သည် အင်တာနက် အသုံးပြုရတာ အကောင်းဆုံးဟု ပြောကြမည်မှာ အမှန်ပင်။

3G လိုင်းမမိသည့် အခြားသော မြို့များရှိ Mobile User များကလည်း မိမိတို့ ၀န်းကျင်ရှိ လိုင်းဆွဲအားအရ GSM သည်သာလျှင်လည်းကောင်း (သို့မဟုတ်) CDMA 800 MHz သည်သာလျှင်လည်းကောင်း အင်တာနက် အသုံးပြုရတာ အကောင်းဆုံးဟု ပြောကြမည်မှာလည်း မလွဲပေ....

လက်ရှိအသစ်ထွက်ပေါ်လာသော mectel ငွေဖြည့်ကဒ်သုံး 1500 တန် CDMA 800 MHz ဖုန်းလိုင်း၏ အင်တာနက် Speed သည်လည်း အကောင်းဆုံးမဟုတ်သည့်တိုင်အောင် ကောင်းမွန်သည်ဟု ပြောနိုင်ပါသည်။

1500 တန် CDMA 800 MHz ဖုန်းလိုင်း၏ အင်တာနက် လိုင်းသည်လည်း 910×××××, 73×××××× စသည့် 800 MHz လိုင်းများနည်းတူ ကောင်းမွန်ပါသည်။

1500 တန် CDMA 800 MHz ဖုန်းလိုင်း၏ အားနည်းချက်များကတော့ -

- ၄င်းဖုန်း၏ ဆက်သွယ်ရေး တိုင်ရှိသည့် နေရာ၏ (၂) မိုင်ပတ်လည်တွင်သာ လိုင်းမိခြင်း

- ခရီးသွားရင်း ၊ ကားစီးရင်း ၊ ဆိုင်ကယ်စီးရင်း ဖုန်းပြောဆိုမှုကို ဆက်တိုက် ပြောဆိုသွားပါက
၎င်း၏ ဆက်သွယ်ရေးဧရိယာ ၀န်းကျင်ပမာဏမှာ (၂) မိုင်လောက်သာ ရှိသဖြင့် ယင်းဝန်းကျင်ထက် ကျော်လွန်သွားပါက ဖုန်းလိုင်းပြတ်တောက်သွားခြင်း ၊ တခြားခရီးလမ်း တနေရာ၏ ၄င်းလိုင်း၏ ဆက်သွယ်မှု ဧရိယာထဲ ပြန်ရောက်မှ ဖုန်းခေါ်ဆိုမှုများ ပြန်လည် ပြုလုပ်နိုင်ခြင်း

- အင်တာနက် အသုံးပြုရင်း ဖုန်းဝင်လာပါက အင်တာနက် လိုင်း ပြတ်တောက်သွားခြင်း

- တစ်လအတွင်း အနည်းဆုံး ဖုန်းဘေလ် ၂၅၀၀ ကျပ် အသုံးပြုရခြင်း (ပြောစရာ ရှိသည်ဖြစ်စေ/ မရှိသည်ဖြစ်စေ) စသည့် အချက်များပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ...

WCDMA (3G) လိုင်းမမိသည့် မြို့များ ၊ GSM (2G) လိုင်းရှိသည့် အင်တာနက်လိုင်းကိုသာ အသုံးပြုသူများအတွက် လက်ရှိ အသစ်ထွက်သော mectel ငွေဖြည့်ကဒ်သုံး CDMA 800 MHz သည် အင်တာနက်အသုံးပြုရာတွင် Speed အမြန်နှုန်းမှာ Mobile User များအတွက် တစ်ထောင့်တစ်နေရာမှ စိတ်ချမ်းသာမှု ၊ လုပ်ငန်းပြီးမြောက်နိုင်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်....

Myawaddy News
Ref:Winkabarkyaw

0 comments:

Post a Comment

MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........