၉ / ၉ / ၂၀၁၃ နေ့သင်တန်းသစ်များဖွင့်မည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ...ဖုန်း-၀၉ ၄၂၁ ၇၁၅ ၄၉၄ ၊ တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုတို့အတွက် ၁၀၀% အာမခံပါသည်။
1 2 3 4 5 6 7 8
MCC Sittwe Computer Training Centre မှ အပတ်စဉ်သင်တန်းသစ်များ ဖွင့်လှစ်ကြားပေးနေပါပြီ။ ဖုန်း - ၀၉ ၄၁၀၀၀ ၃၅၁ ၊ ၀၉ ၂၆၁ ၈၅၂ ၄၂၈ သို. ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Thursday, July 4, 2013

Facebook Lock မကျအောင် ကာကွယ်နည်း

ဟုတ်ပါတယ်ဗျာ။ ခုတလော facebook account ကအသစ်ဖွင့်လိုက်ရင် လောကျတာချည်းပါပဲ။ အရင်အကောင့်ဟောင်းတွေလည်း တစ်ခါတလေ လောကျတတ်ပါတယ်။ လောကျရတဲ့ အကြောင်းတွေတော့ အများကြီးပေါ့ဗျာ။ များသောအားဖြင့်တော့ Report များများအတင်ခံရရင်၊ Friends Request များများလုပ်ရင် Link တွေကို Wall ပေါ်မှာ Share များများလုပ်ရင် လော့ကျတတ်ပါတယ်။ ဒါမှမဟုတ် Login ကို Device မတူတဲ့နေရကနေ ခဏခဏဝင်ရင်၊ ဖုန်းပေါ်မှာ မိမိအကောင့်ကို Logout မလုပ်ဘဲ အခြားတစ်နေရာကနေ Login ဝင်တာတို့၊ ဒီတော့ လော့မကျစေချင်ရင် Report
 အတင်မခံရအောင်နေပေါ့။ :D ဒါကြောင့် မိမိအကောင့် လော့မကျအောင် 
ကာကွယ်တဲ့အနေနဲ့ စောစောကပြောထားတာလေးတွေကိုလည်း ရှောင်ထားပေါ့။ ပုံမှန်ဆိုရင် facebook က လောမကျနိုင်ပါဘူး။ ကဲ ဒီနည်းလမ်းကတော့ အိုင်တီမုဆိုး ဆီကနေ ကူးလာတဲ့ နည်းလမ်းလေးပါ။
အရင်ဆုံး ဒီနေရာ ကိုသွားလိုက်ပါ။ မိမိအကောင့် Login ဝင်ထားပြီးကြောင်းဖြစ်ပါစေ။
အဲဒီ Page ကိုရောက်ပြီဆိုရင် အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်။ 
အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ။ ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီးကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကိုနှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး) တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ။ ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင် အဲဒီအကောင့် ပြန်ရပါတယ်။ ကဲ . အဆင်ပြေကြပါစေဗျာ။
 
ref:ဘလော့ခရီးသည်

0 comments:

Post a Comment

MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........