၉ / ၉ / ၂၀၁၃ နေ့သင်တန်းသစ်များဖွင့်မည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ...ဖုန်း-၀၉ ၄၂၁ ၇၁၅ ၄၉၄ ၊ တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုတို့အတွက် ၁၀၀% အာမခံပါသည်။
1 2 3 4 5 6 7 8
MCC Sittwe Computer Training Centre မှ အပတ်စဉ်သင်တန်းသစ်များ ဖွင့်လှစ်ကြားပေးနေပါပြီ။ ဖုန်း - ၀၉ ၄၁၀၀၀ ၃၅၁ ၊ ၀၉ ၂၆၁ ၈၅၂ ၄၂၈ သို. ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Saturday, September 7, 2013

စက်တင်ဘာ (၁၀) မှာ ပွဲထွက်လာမယ့် iPhone 5C နှင့် iPhone 5S


"This should brighten everyone's day" စာတန်းပါ၊ ဆေးရောင်စုံ ခြယ်မှုန်းထားတဲ့ ဖိတ်စာတွေကို Apple က ယခုသီတင်းပါတ် အစောပိုင်းကတည်းက သတင်းဌာနတွေထံကို ပေးပို့ထားခဲ့ပါပြီ။

ယခုလာမယ့် စက်တင်ဘာ (၁၀)ရက်နေ့မှာ ပြုလုပ်မယ့် မျိုးဆက်သစ် iPhone များ မိတ်ဆက်ပွဲကို Cupertino မှာရှိတဲ့ Apple' campus မှာ နံနက် (၁၀)နာရီ မှာ စတင်ကျင်းပပါလိမ့်မယ်။ Apple ရဲ့ ထုံးစံအတိုင်း ဒီပွဲကို Live streaming လွှင့် ပြသမှာ မဟုတ်ပေမယ့် ပွဲမှာရောက်ရှိနေမယ့် မီဒီယာတွေကတော့ သတင်းတွေကို မိနစ်မလပ် ကြိုးစားတင်ပြသွားနေမှာ ဖြစ်ပါတယ်။



ဒီပွဲမှာ အားလုံးကြိုတင် ခန့်မှန်းထားကြတဲ့အတိုင်း iPhone 5C နှင့် iPhone 5S တို့ကို iOS 7 နှင့်အတူ ပွဲထုတ်နိုင်မယ့် အခြေအနေရှိပါတယ်။ ကောလဟာလ သတင်းတွေကသာ မှန်လာခဲ့မယ်ဆိုရင် အရောင်အသွေး စုံစုံနဲ့ ထုတ်လုပ်ထားတဲ့ iPhone 5C ကို ဈေးနှုန်းချိုသာစေဖို့ ရည်ရွယ်ထားတဲ့ အတွက် ကာဘာအခွံကတော့ ပလပ်စတစ်အသားနဲ့ ဖြစ်ပါလိမ့်မယ်။ အရောင်တွေကတော့ အဖြူ၊ အနီ၊ အပြာ။ အစိမ်း၊ လိမ္မော် တို့အပြင် အခြား အရောင်တွေပါ ရှိလာနိုင်ပါသေးတယ်၊ ဒီအတွက်ကြောင့် iPhone 5C အတွက် "C" ဟာ Color ကို ရည်ညွှန်းတယ်လို့ ထင်ကြေးပေးထားကြပါတယ်။ 




iPhone 5S ကလည်း Device လုံခြုံရေးအတွက် fingerprint sensor ပါရှိလာမှာဖြစ်ပြီး ကင်မရာ၏ အရည်အသွေးမှာလည်း 12 to 13 megapixel တိုးမြှင့်ထားပြီး dual LED flash တပ်ဆင်ထားပါလိမ့်မယ်။ အရောင်ကိုတော့ ရွှေရောင်အပြင် အဖြူ၊ အနက်၊ ရှန်ပိန် နဲ့ ခဲရောင် တို့ကိုလည်း မျှော်လင့်ထားကြပါတယ်။


Apple က iPhone အသစ်များကို China Mobile Ltd.., သို့ တင်ပို့ရန် ပြင်ဆင်နေပြီး၊ သူနဲ့ စာချုပ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ထိုင်ဝမ်အခြေစိုက် "Foxconn" ကုမ္ပဏီရဲ့ Carrier list မှာ China Mobile ကို ထည့်သွင်းဖို့ ကမ်းလှမ်းထားပြီး အဖြေကိုတော့ ရှင်းလင်းစွာ မသိရှိရသေးပါဘူး။

iPhone 5C ဟာ တရုပ်နိုင်ငံမှာ Apple ဈေးကွက် ရှယ်ယာ 13.3% တိုး၍ နေရာယူလာနိုင်ပြီး အဲဒါဟာ Samsung ရဲ့ ဈေးကွက် 6.7% ကို လျှော့ကျစေနိုင်မှာ ဖြစ်တယ်လို့ ဆာဗေးစစ်ဆေးမှုများက ဖော်ပြနေပါတယ်။

စက်တင်ဘာ (၁၀) media event ကို Cupertino ပြုလုပ်ပြီးတဲ့နောက် စက်တင်ဘာ (၁၁) မှာလည်း တရုပ်နိုင်ငံ ဘေကျင်း(ပီကင်း)မြို့မှာ နောက်ထပ် ကျင်းပဦးမှာဖြစ်ပါတယ်။
iPhone အသစ်များကို စက်တင်ဘာ (၂၀) မှာ စတင် ဖြန့်ဖြူးသွားလိမ့်မယ်လို့ သတင်းများ ထွက်ပေါ်လျှက်ရှိနေပြီး ဘယ်အရာတွေက လက်တွေ့မှာ တစ်ကယ်ဖြစ်လာမလဲဆိုတာကို စက်တင်ဘာ (၁၀)ရက်နေ့မှသာ တိတိကျကျ သိရှိနိုင်ပါလိမ့်မယ်။


Credit to : iC 
Ref :မိုးသကြား

0 comments:

Post a Comment

MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........