Samsung ရဲ့  ပထမဆံး စမတ်နာရီ မျိုးဆက် Galaxy Gear ကို ဘာလင်မှာ မိတ်ဆက်ပြသ လိုက်ပါပြီ။ Samsung Galaxy Gear ဆိုတာ စမတ်နာရီပါ။
ပုံမှာ မြင်တွေ့ရတဲ့ ဒီဇိုင်းနဲ့ပါ။
ဒီတော့ ဒီဇိုင်းအရကတော့ လှတယ်လို့ သိပ်ပြီးတော့ မပြောနိုင်ပါဘူး။
လေးထောင်ကျကျ ခပ်ရှည်ရှည်ပုံစံနဲ့ ထွက်ရှိလာတဲ့ နာရီ ဖြစ်ပါတယ်။ ပထမဆုံး
မျိုးဆက် ဆိုတော့ သိပ်တော့ မျော်လင့်ထားလို့မရဘူးလေ။ သို့ပေမယ် ပထမဆုံး
မျိုးဆက်မှာ တင် ထူးခြားတာတွေ အများကြီး ရှိပါတယ်။
မျက်နှာပြင်အရွယ် ၁.၆၃ လက်မ ရှိတဲ့ Super
AMOLED Display နဲ့ ဖြစ်ပြီး ကင်မရာ 1.9 megapixel တောင်
ပါဝင်လိုက်ပါသေးတယ်။ ဗီဒီရိုရိုက် လို့ရမယ်။ ဓာတ်ပုံ ရိုက်လို့ရမယ်။
ဗီဒီယိုချက်တင်လည်း ရအုံးမယ် ဆိုပါတယ်။ စမတ်နာရီရဲ့  အဓိက ရည်ရွယ်ချက်က
Hand Free ပါ။ ကိုင်နေကျ စမတ်ဖုန်းကို လက်နဲ့ ကိုင်စရာ မလိုပဲ
အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်ဆိုတော့ ဘာတွေ လုပ်လို့ရမလဲဆိုတာ ခန့်မှန်း
ကြည့်နိုင် ပါတယ်။ ဖုန်းပြောလို့ ရမယ်။ စာပို့လို့ ရမယ်။ တို့အပြင်
အခြားသော ဖုန်းကနေ လုပ်စရာမလိုတဲ့ မြေပုံကြည့်တာ၊ လမ်းရှာဖွေတာ တို့အပြင်
Social Network လည်း သုံးနိုင်ဖို့ ရည်ရွယ် ပါတယ်။ အခြား သော Feature
တွေလည်း ပါဝင်သေးတယ်။
ဒီတော့ စမတ်နာရီက နာရီကြည့်ဖို့ပဲ
မဟုတ်တော့ပါဘူး။ အခြား အသုံးပြုနိုင်တာတွေလည်း များပါတယ်။ ဈေးနှုန်းတော့
မသိရသေးပါဘူး။ စက်တင်ဘာလ ၂၄ ရက်နေ့ နောက်ပိုင်း ဈေး ကွက်ဖြန့်ချိမယ့် နာရီ
ဖြစ်ကြောင်း သိရပါတယ်။
ref:mmithelper














0 comments:
Post a Comment
MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........