၉ / ၉ / ၂၀၁၃ နေ့သင်တန်းသစ်များဖွင့်မည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ...ဖုန်း-၀၉ ၄၂၁ ၇၁၅ ၄၉၄ ၊ တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုတို့အတွက် ၁၀၀% အာမခံပါသည်။
1 2 3 4 5 6 7 8
MCC Sittwe Computer Training Centre မှ အပတ်စဉ်သင်တန်းသစ်များ ဖွင့်လှစ်ကြားပေးနေပါပြီ။ ဖုန်း - ၀၉ ၄၁၀၀၀ ၃၅၁ ၊ ၀၉ ၂၆၁ ၈၅၂ ၄၂၈ သို. ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Monday, September 2, 2013

SMS စနစ်ဖြင့် အင်တာနက် လျှောက်ထားသူများ သတ်မှတ်ချိန်အတွင်း Message ပြန်မလာပါက SMS ထပ်မံ ပေးပို့ရမည် ဟုဆို


၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက် နေ့မှ စတင်ကာ အသုံးပြုခွင့် ပေးခဲ့သော ဝန်ဆောင်မှု တစ်ခုဖြစ်သည့် SMS စနစ်ဖြင့် အင်တာနက် လျှောက်ထားခြင်း ဝန်ဆောင်မှုတွင် အင်တာနက် အသုံးပြုရန် Message ဖြင့် လျှောက်ထားသော်လည်း သတ်မှတ်ချိန် အတွင်းတွင် အင်တာနက်စနစ်အား အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Message ပြန်မလာပါက နောက် တစ်ကြိမ်ထပ်မံ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍  1212 Call Center မှပြောပြရာတွင် “SMS စနစ်နဲ့ အင်တာနက် လျှောက်ထားတဲ့နေရာမှာ တစ်ခါတစ်ရံမှာ အင်တာနက် အသုံးပြုလို့ ရပြီဆိုတဲ့ Message က ချက်ချင်းပြန်မလာ တတ်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင်တော့ 1331 ကို SMS ထပ်မံလျှောက် ထားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လျှောက်ထားတဲ့ ဖုန်းအရေအတွက်က များတဲ့အတွက် လိုင်းကျပ်သွားတာမျိုး၊ လျှောက်ထားမှုတွေ စုပြုံသွားတာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အချိန်မျိုးကျရင်တော့ အချို့ဖုန်းတွေမှာ Message ပြန်မရတတ်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို
ဖြစ်ခဲ့တယ်ဆိုရင်တော့ 1331 ဆီကို Orderdata service ဆိုတဲ့စာကို ထပ်ပြီးပို့ပေးရပါမယ်” ဟုပြောသည်။

အဆိုပါ SMS ဖြင့် အင်တာနက် လျှောက်ထားခြင်း ဝန်ဆောင်မှုတွင် အင်တာနက်စနစ် လျှောက်ထားသူ အနေဖြင့် မိမိပို့လိုက်သော SMS အတွက် အင်တာနက် အသုံးပြုခွင့်ရရှိပြီ ဖြစ်ကြောင်း စာပြန်လာရန်အတွက် အချိန်အနည်းငယ်ခန့် စောင့်ဆိုင်းရမည်ဖြစ်ပြီး မိမိ၏ဖုန်းအတွင်းရှိ လက်ကျန်ငွေပမာဏကိုလည်း စစ်ဆေးရမည် ဖြစ်ကြောင်းသိရသည်။ အင်တာနက် အသုံးပြုခွင့်ရရှိပြီ
ဖြစ်ကြောင်း စာပြန်မလာသည့်အပြင် မိမိ၏ဖုန်းအတွင်းရှိ  ငွေပမာဏထဲမှ ကျပ် ၁၀,၀၀၀ ကိုလည်း ဖြတ်တောက်ခြင်း မရှိသေးပါက အချိန်အနည်းငယ်ခန့် စောင့်ဆိုင်းကာ ထပ်မံပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

အင်တာနက်စနစ်အား SMS စနစ်ဖြင့် လျှောက်ထားအသုံးပြုသူ အရေအတွက်မှာ နေ့စဉ်များပြားလျက် ရှိခြင်းကြောင့် လိုင်းကျခြင်း အခက်အခဲ အနည်းငယ်ခန့်ရှိပါက ယင်းကဲ့သို့ ချက်ချင်းစာပြန်မလာခြင်း
ရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ SMS စနစ်ဖြင့် အင်တာနက် လျှောက်ထားခြင်း ဝန်ဆောင်မှုအား GSM နှင့် WCDMA ဖုန်းများအားလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက် လျှောက်ထားခြင်း အတွက် 1331 သို့ပေးပို့သော Message SMS တစ်စောင်အတွက်လည်း SMS တစ်စောင်နှုန်းအတိုင်း ကျသင့်မည် ဖြစ်ကြောင်းသိရသည်။


အတွဲ (၁၄)၊ အမှတ် (၃၄)
 
Internet Journal
ref:winkabarkyaw

0 comments:

Post a Comment

MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........