၉ / ၉ / ၂၀၁၃ နေ့သင်တန်းသစ်များဖွင့်မည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ...ဖုန်း-၀၉ ၄၂၁ ၇၁၅ ၄၉၄ ၊ တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုတို့အတွက် ၁၀၀% အာမခံပါသည်။
1 2 3 4 5 6 7 8
MCC Sittwe Computer Training Centre မှ အပတ်စဉ်သင်တန်းသစ်များ ဖွင့်လှစ်ကြားပေးနေပါပြီ။ ဖုန်း - ၀၉ ၄၁၀၀၀ ၃၅၁ ၊ ၀၉ ၂၆၁ ၈၅၂ ၄၂၈ သို. ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Sunday, September 22, 2013

YouTube က Video တွေ ဒေါင်းယူပြီး ဖွင့်မရ ကြည့်မရဖြစ်နေရင် & Software မသုံးပဲ ဒေါင်းယူနည်း


Aung Kyaw:
YouTube မှာတင်တဲ့ သီချင်း MTV တွေကို IDM နဲ့ အရင်ကလိုဒေါင်းလို့မရတော့ဘူးဖြစ်နေတယ် ဘယ်လိုဖြစ်သွားတာလဲဟင် YTD နဲ့ ဆွဲလည်း မရဘူးခင်ဗျ။
ပြီးတော့..
YouTube က Video တွေဆွဲလိုက်တယ်ဗျာ ဒေါင်းယူလို့ရတယ် ဒါပေမဲ့ဖွင့်ကြည့်ရင် ကြည့်မရဘူး။. ဘာ Player နဲ့ပဲဖွင့်ဖွင့် ကြည့်လို့မရဘူးဖြစ်နေတယ်။ ဘယ်လိုဖြစ်တာလဲခင်ဗျာ။ ကူညီပါဦးနော်။
Facebook ကနေ သူငယ်ချင်းတစ်ယောက် မေးလာလို့ မသိသေးတဲ့ သူငယ်ချင်းတွေတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်... သူပြောသလိုပဲ ကိုယ်တိုင် ကြုံတော့မှပဲ သိတော့တယ်...။
OK.... ပထမဆုံး....
စက်ထဲမှာ Internet Download Manager (IDM) ရှိနေရက်နဲ့ YouTube Video ရဲ့အပေါ် ညာဘက်ထောင့်နားက Download this video ဆိုတဲ့ Button လေး မပေါ်ပဲ ဒေါင်းမရ ဖြစ်နေရင်တော့  IDM ကို Update လုပ်ပေးပါ. .. IDM ကို Update လုပ်ပေးအပြီး Serial Key တောင်းနေရင် Full Version ဖြစ်ဖို့အတွက် ဒီပို့စ်ထဲ ကအတိုင်း လုပ်ပေးလိုက်ပါ....။
 (IDM မရှိသေးတဲ့ သူငယ်ချင်းများလည်း အဲ့ဒီပို့စ် ထဲကအတိုင်း မိမိတို့ စက်မှာ ဒေါင်းယူ Install နိုင်ပါတယ် အင်တာနက်ထဲက Software ,Video,Music တွေနဲ့ အခြား မိမိ လိုချင်တာတွေ ဒေါင်းယူတဲ့နေရာမှာ အဆင်ပြေဆုံး Downloader လေးပါ စက်တိုင်းထည့်ထားရှိသင့်ပါတယ်။ ဒေါင်းမရဘူး မဒေါင်းတတ်သေးဘူးဆိုရင်တော့ ဒီပို့စ်ကို ဖတ်ပေးပါ)
IDM ကို Update လုပ်ပြီးတော့လည်း Download this video ဆိုတဲ့ Button လေး မပေါ်သေးဘူးဆိုရင်တော့ ဒီပို့စ်ထဲ ကအတိုင်း လုပ်ပေးနိုင်ပါတယ်...။
 နောက်တစ်ခုက YouTube Video တွေ ဒေါင်းယူပြီး ဖွင့်မရ  ကြည့်မရ ဖြစ်နေရင်တော့... ဒီနည်းလေးတွေနဲ့ ပြန်ဒေါင်းယူပါ...
 ပထမဆုံး IDM ထည့်ထားတယ်ဆိုရင် Download this video ဆိုတဲ့ Button လေးကို နှိပ်ပါ... ရွေးစရာ Format တွေထဲက MP4 Format ကို ရွေးပြီးဒေါင်းယူပါ... (တချို့ Video တွေမှာ အဲ့ဒီလို ရွေးစရာတွေ မပေါ်တတ်ပါဘူး)
အဲ့ဒီလို ရွေးစရာ Format တွေမပေါ်ခဲ့ရင် တခြား Browser(IE,Firefox,Chrome) တွေကတဆင့် ပြောင်းပြီး ဒေါင်းကြည့်ပါ .. ။

Software မသုံးပဲ ဒေါင်းယူနည်း
နောက်ဆုံး အဆင်မပြေဘူးဆိုရင်တော့ ( ရွေးစရာ Format တွေမပေါ်ခဲ့ရင်) ဒီနည်းအတိုင်း ဒေါင်းယူနိုင်ပါတယ်...
ဒေါင်းယူပြီး ကြည့်မရ ဖွင့်မရတဲ့ Video နေရာကို ပြန်သွားပါ... အပေါ်က ပုံအတိုင်း မျှားပြထားတဲ့ နေရာက (Link) မှာ အစိမ်းရောင်လေးနဲ့ ပြထားတဲ့နေရာက www.  ကို ဖျက်ပြီး ss (s နှစ်လုံး) နဲ့ အစားထိုးရေးပြီး Enter ခေါက်ပါ...
(ဥပမာ ။ ။ http://[www.]youtube.com/watch?v=8JzyoECt7JY&list=PLC2D3DE605941A73E
အဲ့ဒီ Link က အနီရောင်နဲ့ ပြထားတဲ့ www. ကို ဖျက်ပြီး ss ကို အစားထိုးရေးပေးရမှာပါ)

ဒီပုံလေးအတိုင်းပါ..(ပုံတွေကို အကြီးချဲ့ချင်ရင်ပုံကို နှိပ်လိုက်ပါ)
နောက်စာမျက်နှာတစ်ခု ပွင့်လာမှာပါ ...
မျှားပြထားတဲ့နေရာကအတိုင်း ဒေါင်းယူနိုင်မဲ့ Format တွေ ကျလာပါလိမ့်မယ် .. MP4 ကိုသာ ရွေးပြီး ဒေါင်းယူလိုက်ပါ.. စောစောက ကြည့်မရတဲ့ Video ဟာ ခု ကြည့်လို့ရသွားပါပြီ...။ အဲ့ဒါကတော့ ဘာ Software မှ မသုံးပဲ ဒေါင်းယူတဲ့ နည်းပါပဲ...။

 အဆင်မပြေသေးရင်တော့ ဒီ Video လေးကိုကြည့်နိုင်ပါတယ် စကားပြောအသံလေးပါထည့်ထားပြီး အတွေ့အကြုံလေးကို ရှင်းပြထားတာပါ.. ကျေးဇူးတင်ပါတယ်..:)

အားလုံး အဆင်ပြေကြပါစေ..
ref:winkabarkyaw

0 comments:

Post a Comment

MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........