၉ / ၉ / ၂၀၁၃ နေ့သင်တန်းသစ်များဖွင့်မည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ...ဖုန်း-၀၉ ၄၂၁ ၇၁၅ ၄၉၄ ၊ တတ်မြောက်မှုနှင့် ကျွမ်းကျင်မှုတို့အတွက် ၁၀၀% အာမခံပါသည်။
1 2 3 4 5 6 7 8
MCC Sittwe Computer Training Centre မှ အပတ်စဉ်သင်တန်းသစ်များ ဖွင့်လှစ်ကြားပေးနေပါပြီ။ ဖုန်း - ၀၉ ၄၁၀၀၀ ၃၅၁ ၊ ၀၉ ၂၆၁ ၈၅၂ ၄၂၈ သို. ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Tuesday, October 22, 2013

ကွန်ပျူတာမှာ CD/DVD Drive ပျောက်နေရင်ဖြေရှင်းနည်း

ဒီဆော့ဝဲလ် လေးကတော့ မိမိတို့ ရဲ့ ကွန်ပြူတာမှာ  ဗိုင်းရပ် ကြောင့်ဖြစ်စေ Error တခုခုကြောင့်ဖြစ်စေ CD-DVD Drive ပျောက်နေရင် ပြန်ဖေါ်ပေးနိုင်တဲ့ ဆော့ဝဲလ် လေးပါ...။  Window 32 bit အတွက်ရော 64 bit အတွက်ပါထည့်ပေးထားပါတယ် ( For Win XP, Vista & 7) ။
CD-DVD Drive ပျောက်နေတာဟာ အခြား အကြောင်း တခုခုကြောင့်လဲ ဖြစ်နိုင်ပါသေးတယ်....။
ဆော့ဝဲလ်ကိုဖွင့်ပြီး Repair CD-DVD Icon ဆိုတာလေးကိုနှိပ်ပေးပါ။ ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။ ပြန်တက်လာရင်တော့ CD/DVD Drive ကိုပြန်မြင်ရပါပြီ............
နည်းလမ်း (၂)
နောက်ထပ်နည်းလမ်း တစ်ခုကတော့ CD/DVD Drive ကို Uninstall လုပ်ပစ်ပြီး Restart ချပေးရမှာပါ...

My Computer > Right Click > Mange > Device Manager > DVD/CD-ROM Device ကို Right Click နဲ့ Uninstall လုပ်ပေးပြီး Restart ချပေးလိုက်ပါ .. Window ပြန်တတ်လာရင် စက်က လိုနေတဲ့ Driver ကို သူ့ဘာသာသူ Install လုပ်ပေးသွားပါလိမ့်မယ်...။

 =========================================================
နည်းလမ်း (၃)
နောက်ဆုံး နည်းတစ်ခုကတော့ Registry ထဲကို ဝင်ပြင်ပေးရမှာပါ...

Run (Win Key + R)  မှာ Regedit ရေးထည့်ပေးပြီး Enter ခေါက်ပါ...

Registry Editor မှာ အောက်ပါအတိုင်း အဆင့်ဆင့် သွားပါ..

 + HKEY_LOCAL_MACHINE
 + SYSTEM
 + CurrentControlSet
 + Control
 + Class

 Class ရဲ့အောက်မှာ ဒီ Key ကိုရှာပါ (မမှားပါစေနဲ့)  {4D36E965-E325-11CE-BFC1-08002BE10318}
 တွေ့ရင် နှိပ်လိုက်ပါ ... ညာဘက်မှာ UpperFilter (သို့)  LowerFilters  အဲ့ဒီ နှစ်ခုထဲက တစ်ခုခုကိုတွေ့ရင် Right Click နဲ့ Delete လုပ်ပစ်ပါ..။

 သေချာအောင် အောက်ကပုံလေးတွေကို ကြည့်ပြီး လုပ်နိုင်ပါတယ်...။



အားလုံးပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ ...
အဆင်ပြေပါစေ........


ref:ittharlay

0 comments:

Post a Comment

MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........