Windows
Computer ကို ဆောင်းပါးတွေ၊ စာတွေ ဖတ်ခိုင်းလို့ ရတဲ့ နည်းတွေ ရှိပါတယ်။
အမြင်အာရုံမကောင်းတဲ့ သူတွေ တောင်မှ Windows ကိုအသုံးပြုနိုင်ဖို့ 
Microsoft ကပြုလုပ်ပေးထားပါတယ်။
Microsoft Word ကိုဆောင်းပါးတွေ ဖတ်ခိုင်းပါ။
Microsoft
Word က ဆောင်းပါးတွေကို ဖတ်ပြနိုင်ပါတယ်။ အဲဒီ Feature
ကိုအသုံးပြုနိုင်ဖို့  ဘယ်ဘက်အပေါ်ထောင့်က drop down arrow ကိုနှိပ်ပါ။ More
Commands ကိုနှိပ်ပါ။
Quick
Access Toolbar ကိုနှိပ်ပါ။ Choose commands from မှာ Commands Not in the
Ribbon ကိုရွေးပါ။ Speak ကို ရွေးချယ်ပြီး Add button ကိုနှိပ်ပါ။ပြီးရင်
OK နှိပ်ပါ။
ဒါဆိုရင် Quick
Access Toolbar မှာ Speak button ပေါ်လာပါပြီ။စာတွေ ၊ဆောင်းပါးတွေကို
Select လုပ်ပြီး Speak button ကိုနှိပ်ရင် Microsoft Word က သင့်ကို
အသံထွက်ဖတ်ပြပါလိမ့်မယ်။
Narrator ကိုအသုံးပြုပါ။
Windows
မှာ Built-In Screen Reading Technology ပါရှိပါတယ်။ Narrator လို
့ခေါ်ပြီး အမြင်အာရုံမကောင်းတဲ့သူတွေ အတွက်ရည်ရွယ်ပြုလုပ်ပေးထားပါတယ်။
Narrator ကိုအသုံးပြုပြီးတော့ Windows Screen တွေကစာတွေ၊ဆောင်းပါးတွေကို
ဖတ်ပြခိုင်းနိုင်ပါတယ်။ Narrator ရဲ့ Keyboard Shortcuts တွေကို Microsoft Website မှာလေ့လာပါ။
Balabolka က
DOC/DOCX,TXT,PDF,EPUB,ODT ဖိုင်တွေကို
တိုက်ရိုက်ဖွင့်ပြီးအသံထွက်ဖတ်ပြပေးနိုင်ပါတယ်။ဒါ့အပြင် ဖိုင်တွေကို MP3
ဖော်မက်ကိုပြောင်းပေးနိုင်ပါတယ်။ အဲဒီအတွက် သင့် Smart Phones မှာ
ဆောင်းပါးတွေကို နားထောင်လို့ ရပါပြီ။ Batch Conversion
ပါရှိပြီး Documents တွေအများကြီးကို တစ်ပြိုင်နက် MP3
ဖော်မက်ကိုပြောင်းပေးနိုင်ပါတယ်။
Typeit
Readit မှာစာတွေ၊ဆောင်းပါးတွေကို Paste လုပ်ပြီး
အသံထွက်ဖတ်ခိုင်းနိုင်သလို TXT ဖိုင်တွေကိုလည်း
ဖွင့်ပြီးအသံထွက်ဖတ်ခိုင်းနိုင်ပါတယ်။ နောက်ပြီးဖိုင်တွေကို WAV
ဖော်မက်ကိုပြောင်းပေးနိုင်ပါတယ်။ Typeit Readit က Windows ရဲ့  Voices
တွေကိုအသုံးပြုပါတယ်။
Natural Reader Free (Windows,Mac)
Natural
Reader ကလည်းစာတွေ၊ဆောင်းပါးတွေကို အသံထွက်ဖတ်ပေးနိုင်ပါတယ်။ စာတွေကို
ကော်ပီကူးပြီး Natural Reader မှာ Paste လုပ်ပေးပြီး The Clearly-Visible
Play button ကိုနှိပ်ပါ။Natural Reader ရဲ့ Free Version က MP3 ဖော်မက်
မပြောင်းပေးနိုင်ပါဘူး။ Full Version လို ချင်ရင်တော့ အင်တာနက်ကရှာသုံးပါ။
eSpeak (Windows,Linux,Mac)
Windows
ရဲ့  Voices တွေကို နားထောင်ရတာရိုးအီနေရင်တော့ eSpeak ကိုသုံးပါ။ eSpeak
မှာ သူ့ ကိုယ်ပိုင် Engine ပါရှိပါတယ်။ eSpeak က TXT ဖိုင်တွေကို
တိုက်ရိုက်ဖွင့်ပြီးအသံထွက်ဖတ်ပြနို်င်သလို WAV
ဖော်မက်ကိုလည်းပြောင်းပေးနိုင်ပါတယ်။
ဘာကိုရွေးချယ်မလဲ?
သင့်မှာ
Microsoft Word ရှိရင်တော့ Word
ကိုအသုံးပြုနိုင်ပါတယ်။ဖိုင်တွေကိုတိုက်ရိုက်ဖွင့်ပြီးအသံထွက်ဖတ်ခိုင်းချင်ရင်၊
စာတွေကို Copy , Paste လုပ်ပြီးဖတ်ခိုင်းချင်ရင်၊MP3
ဖိုင်အဖြစ်ပြောင်းချင်ရင် Balabolka ကိုသုံးပါ။Balabolka က
ဖိုင်အမျိုးအစားအများအပြားကို ဖွင့်ပေးနိုင်ပါတယ်။ MP3
အဖြစ်လည်းပြောင်းပေးနိုင်ပါတယ်။ နောက်ထပ်ဖော်ပြပေးထားတဲ့ Programs
တွေကိုလည်းစမ်းသုံးကြည့်နိုင်ပြီးသင့်ရဲ့ အသုံးပြုမှုနဲ
့ကိုက်ညီတာကိုရွေးချယ်နိုင်ပါတယ်။
ref:mmithelper














0 comments:
Post a Comment
MCC Sittway Computer Training Centre
လာရောက်အားပေးမှုကို ကျေးဇူးအများကြီး
တင်ပါတယ်.... နောက်လည်း အားရင်
လာခဲ့ပါဦး...........